Socio-Ecological System and Resilience

စနစ်(System)တစ်ခုဆိုသည်မှာ ပါဝင်ပတ်သက်သည့်အရာ တစ်ခုနှင့်တစ်ခု၊ စုဖွဲ့မှုအုပ်စုတစ်ခုနှင့်တစ်ခု၊ အလွှာတစ်ခုနှင့်တစ်ခုချင်းသော်လည်းကောင်း အပြန်အလှန်ကူးလူးဆက်စပ်မှု၊ အပြန်အလှန်ပတ်သက်ဆက်နွယ်မှု၊ တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခိုမှုတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခုအဖြစ် ရိုးရိုးဖွင့်ဆိုနိုင်သည်။ အထက်ပါ ဖွင့်ဆိုမှု သဘောတရားကို အခြေခံကာ လူမှုဂေဟစနစ် (Socio-Ecological System)ကို စဉ်းစားရာ၌ လူသားတို့သည် သဘာဝနှင့်သီးခြားမဟုတ်ဘဲ သဘာဝ၏အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး လူမှု့ရေးရစနစ်များနှင့် ဂေဟရေးရာစနစ်များ၏ အပြန်အလှန်ဆက်စပ်ထိန်းကျောင်းအမှီအခိုပြုမှုများအား လေ့လာမှုများမှ တစ်ဆင့် ပိုသိမြင်လာရသည်။ လတ်တလောလေ့လာလာတွေ့ရှိမှုများ၏ ဖော်ပြချက်အရ လူမှုဂေဟစနစ်များ၏ဖွဲ့စည်းတည်ဆောကိမှုများ နှင့် လည်ပတ်မှု functionsများ ဆကိလက်လည်ပတ်နိုင်ရန် လူမှုဂေဟ အဓိကဇာတ်ကောင်များသည် အလွန်တရာမှ အရေးပါအရာရောက်ပြီး စနစ်၏ကြံ့ကြံ့ခံနိုင်မှု Resilence of its systemအတွက်ပါ အလွန်အရေးကြီးသည်။
အမေရိကန် political economistဖြစ်သော Elinor Ostromနှင့်သူမ၏တွဲဖက်သုတေသနပညာရှင်များမှ ရှင်းလင်းသော လူမှု့ဂေဟစနစ်မူဘောင်တစ်ခု(Socio-Ecological System Framework)ကို ဖော်ဆောင်ခဲ့သည်။ SES သီအိုရီ၊ Resilience၊ Robustness၊ Sustainability နှငိ့ Vulnerability ၏ သဘောတရားများ သီအိုရီအိုင်ဒီယာများကို ထည့်သွင်းထားသည်။
Resilience ကြံ့ကြံ့ ခံနိုင်စွမ်းဟုဆိုရာတွင် စနစ်တစ်ခု၏အရေးကြီးသော ဖွဲ့စည်းမှုများ၊လည်ပတ်မှု functionsများကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်းရှိပြီး ပယောဂဒဏ်များ၊ ပြောင်းလဲမှုများကို ကိုင်တွယ်စီမံနိုင်သော စနစ်တစ်ခု၏စွမ်းဆောင်ရည် System’s Capacityကို တိုင်းတာခြင်းပင်ဖြစ်သည်။
ကြံ့ကြံံ့ခိုင်နိုင်စွမ်းကျဆင်းသွားလျှင် စနစ်အားပျက်စီးမှုများသည် မူလစနစ်မှ ကွဲပြားသောအခြားတစ်ခုအဖြစ်သို့ ဖြည်းဖြည်းချင်း တွန်းပို့လုပ်ဆောင်သွားသည်။ ထိုဖြစ်ပေါ်သောအခြေအနေကို Basin of Attractionဟု ခေါ်သည်။ အသစ်ပြောင်းလဲသောစနစ်၏ဖွဲ့စည်ပုံ၊ လည်ပတ်မှုပုံစံများသည် မူလစနစ်နှငိ့ မတူတော့ချေ။ ထိုပြောင်းလဲသွားသော စနစ်တစ်ခုသည် ပြောင်းလဲမှုမျှခြေတစ်ခုတွင် သူ့နည်းသူ့ဟန်နှင့် လည်ပတ်အောင်တည်ဆောက်သွားကာ အသစ်ဖြစ်ပေါ်လာသောစနစ်၏ဖွဲ့စည်းပုံနှင့် လည်ပတ်မှုများသည် လူ့အဖွဲ့အစည်းအား မတူညီသောအကျိူးဆက်ရလဒ်တစ်ခုကို ထပ်မံထိတွေ့စေသည်။
Resilience သဘောသဘာဝကိုအခြေခံကာ လူမှုဂေဟစနစ်၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို လူသားတို့အား ဆက်လက်ပေးစွမ်းနိုင်မှု၊ ပြောင်းလဲသောစနစ်၏အပြန်အလှန်အပေးအယူအား ဆက်လက်ထိန်းထားနိုင်စွမ်းအဆင့်အတန်းကို ချိန်ထိုးကြည့်နိုင်သည်။ အထက်ပါသဘောတရားကို ကြည့်ပြီး မိမိတို့၏ ပတ်ဝန်းကျင်အဆင့်အတန်းကို ပိုပြီး သဘောပေါက်လာမည်။ ယခင်က ဂေဟစနစ်ကောင်းနှင့် လူမှုပတ်ဝန်းကျင် အပြန်အလှန်အကျိူးပြုမှုများနှင့် လက်ရှိ ဂေဟစနစ်နှင့်လူမှုစနစ်မှီခိုမှုများကို ပိုပိုဆန်းစစ်နိုင်သည်။ မည်သည့်ရိုက်ခတ်မှုများ ရှိခဲ့ပြီလဲ၊ မည်သို့ရိုက်ခံမှုများ ရှိလာနိူင်မည်နည်း၊ ဂေဟစနစ်၏ကြံ့ကြံခံနိုင်စွမ်းအဆင့်အတန်းကို ထိန်းထားနိုင်ရန် တောင်တောင်ဂေဟစနစ်များ၊ မြစ်ချောင်းအင်းအိုင်ဂေဟစနစ်များ၊ သန္တာကျောက်တန်းဂေဟစနစ်များကို ထိန်းသိန်းရန် လိုအပ်သည်။
မြန်မာနိုင်ငံ၏ နိမ့်ဆင်းလျက်ရှိ​သောသဘာဝပတ်ဝန်းကျင်အဆင့်အတန်းသည် မြန်မြန်ဆန်ဆန်နှင့် ဆက်လက်မောင်းနှင်နေသည်။ နိုင်ငံ၏စီးပွါးရေးသည်သဘာဝအရင်းအမြစ်များ တိုက်ရိုက်မှီခိုရပြီး လူဦးရေအများစု၏အသက်မွေး ဝမ်းကျောင်းသည်လည်း သဘာဝအရင်းအမြစ်အပေါ်တွငိ အရင်းတည်မှီခို နေရသောကြောင့်လည်း ဖြစ််သည်။ အစိုးရ၏ စီမံခန့်ခွဲမှုအရည်မချင်းညံ့ဖျင်းမှုစသော အကြောင်းတရား များကြောင့်လည်းဖြစ်သည်။
ကြံ့ကြံ့ခံနိုင်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲခြင်းဟူသော သဘောတရားကိုလည်း ချ်တဆက်ရန် လိုအပ်သည်။ ကြံ့ကြံ့ခံနိုင်ခြင်းရှိခြင်းဟုဆိုရာ၌ မည်မျှကြာကြာခံနိုင်အောင် ထိန်းထားမည်နည်းဆိုသည်က ပိုပြီး လေးနက်စွာ စဉ်းစားရမည်။ လက်ရှိမျိုးဆက်အတွက်သာ ကြံ့ကြံ့ခံနိုင်အောင် ထိန်းထားမည်လား၊ နောက်လာမည့် မျိုးဆက်များအသုံးပြုလညပတ်နိုင်ရန် ထိန်းထားမည်လား စသဖြင့် တွေးခေါ်များမှာ စီမံခန့်ခွဲသူများ၊ အစိုးရများ ဆက်စပ်ပုဂ္ဂိုလ်များ စဉ်းစားရမည့် ကိစ္စပင်ဖြစ်သည်။

လူမှုဂေဟအဖြေ(Socio-ecological solution)ဆိုတာကတော့ အပေါ်ကရှင်းပြတဲ့အကြောင်းအရာအပေါ်မှာ အခြေခံပြီး လူမှုစနစ်တည်တံ့ခြင်းတစ်ခုတည်း သီးသန့်မဟုတ်ပဲ ဂေဟစနစ်များတည်တံ့ခြင်းအတွက်ပါ စဉ်းစားဖြေရှင်းရမည်။ လူမှုစနစ်များကို ဂရုစိုက်ဘဲ ဂေဟစနစ်တစ်ခုတည်းဖြေရှင်ရန် သီးသန့်စဉ်းစားလျှင်လည်း လူ့အဖွဲ့အစည်းတွင့် မလိုလားအပ်သော ပြသာနာများ၊ အရင်းအမြစ်အခြေခံ ဆူပူမှူများ ပေါ်ပေါက်လာနိုင်သည်။ Social system လူမှု့စနစ်တစ်ခုတည်းအားအခြေခံဖြေရှင်းလျှင်လည်း သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုမှုမမှန်မှုများ၊ မိုးခေါင်ရေရှား၊ အရင်းအမြစ်ကျိန်စာသင့်မှုများ စသဖြင့် ဆိုကျိူးများအား ခံရမည်ဖြစ်သည်။ လက်ရှိတွင်လည်း ecological perspective ဖက် ထည့်သွင့်မစဉ်းစားပဲ ထုတ်ယူသုံးစွဲမှုများအား အထက်ပါပြသာနာများကို ရင်ဆိုင်ရလျှက်ရှိသည်။
သဘာဝတရားသည် ကျွန်ုပ်တို့အား အမျိုးမျိုးပြသနေသည်။ ဂေဟစနစ်များ ပျက်စီးလျှင် သဘာဝတရား ကမောက်ကမဖြစ်ကာ ဆိုးကျိုးများကိုသော်လည်းကောင်း သဘာဝတရားဂေဟနစ်များကောင်းမွန်လျှင်ကောင်းကျိုးများကိုသော်လည်းကောင်း နှစ်ဖက်လုံးပေးနိုငိသည်။ ထိုမျှမကပျက်စီမှုများကို ကုသရန် မျော်လင့်ချက်အဖြေများကိုပါ သင်ပြပေးနေသည်။ လုပ်ဆောင်လိုက်နာရန်က လူသားတို့၏ တာဝန်ပင်ဖြစ်သည်။ စနစ်တစ်ခု၏ ကြံ့ကြံ့ခံနိုင်ခြင်းကို အဓိကလုပ်ဆောင်များကိုလည်း ထိန်းသိမ်းလုပ်ဆောင်ရန်လိူအပ်ပြီး၊ ထိုစနစ်များ မူမှန်စွာလည်ပတ်နိုင်ရန် Engineering Resilience ဆိုခေါ်သော် ကြံ့ကြံ့ခံနိုင်ခြင်းကို စနစ်တကျလုပ်ဆောင်မှုများ လုပ်ရန်ပိုလိုအပ်သည်။ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ရန် Buffer Zonesများဖြင့် ပြုလုပ်နိုင်သည်။

  1. ဂေဟကြားခံနယ်မြေများတည်ဆောက်ခြင်း(Ecological Buffer) – မူလရှိပြီးသားဂေဟစနစ်များကို ထိန်းသိမ်းရန်လိုအပ်သည်။ ထိန်းသိမ်းရေးတောများပြုလုပ်ခြင်း၊ ကာကွယ်ရေးတောများသတ်မှတ်ခြင်း စသည်ဖြင့်)
  2. အိန်စတီကျူးရှန်းကြားခံနယ်မြေတည်ဆောက်ခြာင်း( Institutional Buffer)။ ဥပဒေများချမှတ်ခြင်း၊ တရားရံုးများ၊ အစိုးရများ၊စည်းမျဉ်းစဉ်ကမ်းများ ချမှတ်ခြင်း စည်တို့ဖြစ်ပြီး။ ecological bufferနှင့် infrastructure bufferများ ကို ထိန်းသိန်းရန် အိန်စတီကျူရှန်းနယ် ကြားခံနယ်မြေပြုလုပ်ခြင်းသည်း လွန်စွားအရေးကြီးသည်။
  3. အဆောက်အအုံ့ကြားခံနယ်မြေများတည်ဆောက်ခြင်း(Infrastructure buffer)၊ အဆောက်အအုံ့ကြားခံနယ်မြေတည်ဆောက်ရာတွင် လွန်စွာသတိထားသင့်သည်၊ ကောင်းတဲ့ဖကိရှိသကဲ့သို့ မကောင်းတဲ့ဖက်ကိုလည်း ဦးတည်တတ်သည်။
  4. ရိုးရာဓလေ့ယဉ်ကျေးမှုကြားခံနယ်မြေ(Cultural Buffer) တို့ပင်ဖြစ်ကြသည်။
    Ref: Schaffer & Carpenter 2003
    Walker,B, C.S Holling,S.R. Carpenter and A. Kinzig 2004

လေးစားစွာဖြင့်
Mrat Twan
Permaculture Institute Myanmar

Leave a Reply

Your email address will not be published. Required fields are marked *