တည်ငြိမ်သောကမ္ဘာ့ရာသီဥတု(Stable Global Climate)သည် ၎င်း၏အထောက်အကူပြုစနစ်များ(sub-systems of Climate)၏ မူမှန်သောလည်ပတ်မှုများမှ ဖြစ်ပေါ်လာသည်။ ထိုမူမှန်သော ရာသီဥတုအထောက်အကူပြုစနစ်များကို (သို့) တည်ငြိမ်သောရာသီဥတု ကို ဇီဝဒြပ်ထည်စနစ်များ (biophysical sub-systems)များက အချက်အချာကျကျ ထိန်းညှိလုပ်ဆောင်ပေးသည်။ အာတိတ်ရေခဲပြင်၊ Greenland ရေခဲထု၊အနောက်အန္တာတိကရေခဲပြင်၊ သန္တာကျောက်တန်းများ၊ Jet Stream၊ အမေဇုန်မိုးသစ်တော၊ Boreal သစ်တော၊ အာဖရိကတိုက်ရှိ Sahel လွင်ပြင်ဒေသ၊ Alpine ရေခဲတောင်တန်းများနှင့် ဝင်ရိုးစွန်းဒေသရှိ အစဉ်အေးခဲသောမြေလွှာထုများစသော အရာများသည် တည်ငြိမ်သော ရာသီဥတုဖြစ်ပေါ်စေရန် အဓိကအထောက်အကူပြုတည်ရှိနေသည်။ ထိုအထက်ပါ အရာများ၏ အပြန်အလှန်ဆက်နွယ်မှု၊ တစ်ခုပေါ်တစ်ခုမှီခိုနေမှုများသည် ရှုပ်ထွေးသော်လည်း အလွန်တရာမှ အရေးပါသည်။ ထိုဇီဝဒြပ်ထည်များစနစ်များကို စိုးရိမ်ဖွယ်ရှေ့ပြေးနိမိတ်ပြအရာများ(tipping elements)သို့မဟုတ် အိပ်နေသောဧရာမဘီလူးကြီးများဟု တင်စားခေါ်ဝေါ်ကြသည်။ ထိုtipping elementတစ်ခုကြံ့ခိုင်အားနည်းသွားလျှင် ကျန်အရာများကိုပါ အကျိုးဆက်အနေဖြင့် ထိခိုက်နိုင်ပေသည်။ ဥပမာ-အမေဇုန်သစ်တောကြီးသည် သက်ရှိများအတွက်အရေးကြီးသော အောက်ဆီဂျင်ကို ပေးစွမ်းသည်သာမက လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်စုပြုံမှုကို စုပ်ယူပေးသော ကာဗွန်သိုလှောင်ရုံကြီး(သို့) ကမ္ဘာကြီး၏အဆုတ်ဟုတောင် တငိစားကြသည်။
Holoceneအချိန်ကာလသည် ကမ္ဘာကြီးကျန်းမာရေးကောင်းမွန်သောအချိန်(သို့)ကြံံ့ကြံ့ခံနိုင်စွမ်းရှိသောကမ္ဘာရာသီဥတုတည်ငြိမ်မှုရှိဟု သတ်မှတ်ကြသည်။ ကမ္ဘာပျှမ်းမျှအပူချိန်သည် အမြင့်ဆုံး 2•Cနှင့် အနိမ့်ဆုံး -6•Cသာ ရှိခဲသည်။ ကမ္ဘာရာသီဥတုတည်ငြိမ်သောခေတ်ကာလသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ကျော်လောက်မှစတင်ရ၍ဖြစ်ပေါ်လာသည်။ Holoceneအချိန်ကာလတွင် လူများ၏အကျိုးဆက်ကြောင့်ထွက်လာသည့်အရာများထက် သဘာဝ၏ထိန်းချုပ်နိုင်မှုချိန်ခွင်လျှာသည် ပိုပြီး မြင့်မားပြီး ကမ္ဘာကြီးကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရာသီဥတုအထောက်အကူပြုစနစ်များသည် အချိုးကျကျလည်ပတ်နိုင်စွမ်းရှိခဲ့သည်။ ၁၇၅၀ခုနှစ်များကာလ စက်မှုတော်လှန်ရေး(pre-industrial revolution) မှစတင်၍ သဘာဝတရားအပေါ်လူသားတို့၏ပယောဂအကျိုးလွမ်းမိုးမှုများသည် ကမ္ဘာကြီးရဲ့အထောက်အကူပြုစနစ်ကြံ့ကြံ့ခံစွမ်းကို အားနည်းလာစေပြီး တညိငြိမ်သောရာသီဥတုစနစ်ကောင်းကာလ Holoceneကနေ သဘာဝအပေါ်လူတွေလွှမ်းမိုးအကျိုးသက်ရောက်မှုရှိသော ခေတ်ကာလအသစ် Anthropocene ကိုရောက်လာလေသည်။ ကျန်းမာသာယာဝဖြိုးသောလူအဖွဲ့အစည်းအနာဂတ်သည် ကြံ့ခိုင်နိုင်စွမ်းကောင်းသောကမ္ဘာ့ရာသီဥတုစနစ်(သို့)တည်ငြိမ်သောကမ္ဘာကြီး၏အနာဂတ်အပေါ် များစွာမှီတည်နေသည်။ တည်ငြိမ်ပြီးကျန်းမာကြံ့ခိုင်သောကမ္ဘာကြီးမူလဇာတ်မြစ်နှင့် ဟန်ချက်ညီသောရာသီဥတုအထောက်အကူပြုစနစ်များနှင့် ၄င်း၏အကြောင်းတရားများကိုအခြေခံအားဖြင့် သိရှိရန်လိုအပ်ပေသည်။ သဘာဝတရားတွင် လူများသည် အစိတ်အပိုင်းဆိုသောအယူအဆထက် လူသားများသည် သဘာဝ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပိုမိုနားလည်ရန်လိုအပ်သည်။
သိပ္ပံပညာရှင်များ၏လေ့လာမှုများသည် ကျွန်ုပ်တို့လူသားများ၏ အနာဂတ်လားရာလမ်းကို အမြဲတမ်း ညွှန်ပြနေသည်။ ကောင်းမည့်အနာဂတ်ကိုရွေးမလား (သို့) ခန့်မှန်းမရသောအန္တရာယ်များနှင့်ပြည့်နှက်လာမည့်အနာဂတ်ကို ရွေးမည်လားဆိုသည်မှာ လူသားများ၏ ရွေးချယ်မှုပင်ဖြစ်သည်။ သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်များအရ တည်ငြိမ်သော ကမ္ဘာ့ရာသီဥတုသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ခန့်ကျော်လောက်မှ စတင်သည်ဟုလက်ခံ ဖော်ပြထားကြသည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်တွင် လူသားမျိုးနွယ်များသည် စိုက်ပျိူးရေးနှင့်မွေးမြူရေးစတင်သော အချိန်ကာလအဖြစ် သတ်မှတ်ကြသည်။ အမဲလိုက်ဟင်းရှာဘဝကနေ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သော လူ့အဖွဲ့အစည်းတစ်ခုတွန်းတင်လိုက်ပြီး အသစ်သစ်သောလူအဖွဲ့အစည်းများ ၊ လူ့ယဉ်ကျေးမှုထွန်းကားလာရန် အခြေခံအုတ်မြစ်အချိန်ကာလတစ်ခုလည်းဖြစ်သည်။ ထိုလွန်ခဲ့သောနှစ်၁၀၀၀၀ခန့်လောက်မှစတင်ရ၍ ကမ္ဘာရာသီဥတုသည် ၁၇၅၀ခုနှစ်များအထိ ကောင်းကောင်းလည်ပတ်နိုင်ခဲ့သည်ဟုဆိုကြသည်။
၁၇၅၀ခုနှစ်များလောက်မှစတင်ကာ ကမ္ဘာရာသီဥတုသည် သိသိသာသာပြောင်းလဲလာသည်ဟု ဆိုသည်။ ၄င်းအခြေအနေကို ဘူမိပညာရှင်များများမှ Anthropocene (ရာသီဥတုအားလူသားများလွမ်းမိုးမှုရှိသော ခေတ်ကာလ)ဟု ခေါ်ဝေါ်ကြသည်။
သက်ရှိများအားလုံးသည် အကြောင်းမဲ့သက်သက် ဖြစ်ပေါ်တည်ရှိနေကြခြင်းမဟုတ်ပါ။ ၎င်းတို့သည် ဂေဟစနစ်၏တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်စေရန်အတွက် အလွန်တရာမှ အရေးပါသော သဘာဝပေးတာဝန်များကိုလုပ်ဆောင်ပေးပြီး သဘာဝရဲ့အစိတ်အပိုင်းတစ်ခုအနေဖြင့် တည်ရှိနေရခြင်းဖြစ်ပါသည်။ ခေတ်သစ်နည်းပညာများနှင့် ကဏ္ဍစုံပညာရပ်များ တိုးတက်လာသည်နဲ့အမျှ ခေတ်ကာလအမြင်များလည်း ပြောင်းလဲလာသည်။
သစ်တောထဲတွင်ရှိနေသော ကျားများသည် လူများ၏ ရှုထောင့်အမြင်မှဆိုလျှင် အန္တရာယ်ပေးသောသက်ရှိသတ္တဝါတစ်ခုအဖြစ် လက်ခံထားခဲ့ကြသည်။ အကြောင်းရင်းမှာ လူသားတို့သည် မိမိတို့အား အန္တရာယ်ပေးမည့်အကောင်တစ်ခုအဖြစ် သုတ်သင်ရှင်းလင်းကြသည်။ သမိုင်းဒဏ္ဍာရီထဲတွင် ကျားအားသတ်သည့်သူများအား သူရဲကောင်းအဖြစ် တင်စားသမုတ်ခဲ့ကြသည်။ ဂေဟရှုထောင့်မှဆိုလျှင် ကျားအပါအဝင် အဆင့်မြင့်အသားစားသတ္တဝါများသည် ဂေဟစနစ်၏ ဟန်ချက်ညီစွာ လည်ပတ်မှုအား အရေးကြီးသော အခန်းကဏ္ဏမှ လုပ်ဆောင်ပေးနေသည်ဟု ပြောင်းပြန်ရှုမြင်နိုင်သည်။ အထက်ပါပြောခဲ့သည့်အတိုင်း ဇီဝမျိုးစုံမျိုးစိတ်များသည် Earth Resilienceဟုခေါ်သော ကမ္ဘာကြီး၏ ကြံ့ကြံ့ခံနိုင်စွမ်းကို လုပ်ဆောင်ပေးသည်သာမက လူမှုဂေဟစနစ် ကြံ့ကြံ့ခံနိုင်စွမ်း Socio- ecological Resistanceကိုများစွာ အထောက်အကူပြုသည်။ ဇီဝမျိုးစုံမျိုးကွဲများသည် သဘာဝဘေးအန္တရာယ်ဆိုးများ၊ စနစ်များကြံ့ခိုင်အားပျော့မှုကြောင့်ဖြစ်ပေါ်လာသော ဆိုးဆိုးရွားရွားထိတ်လန့်စရာများ shocks နှင့် ကျန်းမာကြံ့ခိုင်မှုမရှိသောစနစ်များ မပေါ်ပေါက်ရန် ကြားခံအကာအကွယ် bufferအဖြစ် အရေးကြီးတဲ့အခန်းကဏ္ဍမှလုပ်ဆောင်ပေးသည်။ ဇီဝမျိုးကွဲမျိုးစုံများ၏တည်ရှိမှုသည် ဂေဟစနစ်ခံနိုင်စွမ်းများဆက်လက်ဖြစ်ပေါ်ရန်၊ အပျက်အစီးများကို မြန်ဆန်စွာကုစားရန်နှင့် လူမှုဘဝဖုံလုံရေးအတွက် ပံ့ပိုးနိုင်ရန် အာမခံအရာတစ်ခုအဖြစ်အရေးပါသည် [Elmquit Re al 2003]
၎င်းအဖြစ်ဆိုးများမှ ကာကွယ်ရန် သိပ္ပံပညာရှင်များသည် နည်းပညာတိုးတက်မှုနှင့်ပေါင်းစပ်ပြီး လေ့လာမှုများ ဆက်တိုက်ပြုလုပ်လာကြသည်။ သူတို့၏နယ်ပယ်အလိုက် နက်နက်ရှိုင်းရှိုင်း လေ့လာမှုတွေလုပ်လာကြသည်။
ကမ္ဘာ့၏အရေးပေါ်အခြေအနေ(Planetary Emergency)ကို ကုစားရန် ဆွီဒင်နိုင်ငံမှ သိပ္ပံပညာရှင် John Rockstromက လေ့လာမှုအများကြီးပြုလုပ်ခဲ့သည်။ Planetary Boundariesနဲ့ပတ်သက်ပြီး အယူအဆတစ်ခု မူလကတည်းက သူ့တွင် ရှိနေခဲ့သည်။ ၂၀၀၈ ခုနှစ် ဆွီဒင်နိုင်ငံ၊ Tall bergမြို့အသေးလေးတစ်ခုတွင် ကမ္ဘာ၏ကန့်သတ်နယ်နိမိတ် (Earth Boundaries or Planetary Boundaries) အနေဖြင့် တည်ငြိမ်သော ကမ္ဘာလည်ပတ်မှုစနစ် (Stable Planetary System)အပေါ် မည်သို့ဆက်စပ်လွှမ်းမိုးမှုရှိနိုင်သနည်း၊လက်ရှိလည်ပတ်သော ကမ္ဘာ့စနစ်၏အဆင့်အတန်းအခြေအနေများကို သုတေသနပညာရှင် အစုအဖွဲ့အသေးလေးတခုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးပွဲအသေးလေးမှ Planetary Boundaries၏ အရေးကြီးသော ကဏ္ဍကြီး (၉)ခု ထွက်ပေါ်ခဲ့သည်။ ၂၀၀၉ခုနှစ်တွင် Planetary Boundaries Frameworkကို John Rockstromက ဦးဆောင်ရေးသားသူအဖြစ် လုပ်ဆောင်ခဲ့သည်။ သူ၏ Planetary Boundariesတွင် အဓိကအရေးကြီးသော အစိတ်အပိုင်းသုံးခုကို ဖော်ပြထားသည်။ အစိမ်း၊အဝါ၊အနီဟုခေါ်သော နယ်နိမိတ်(၃)ခု သတ်မှတ်ထားသည်။ အစိမ်းရောင်နယ်နိမိတ်ထဲရှိနေသေးလျှင် ကျန်းမာသန်စွမ်းသော နယ်နိမိတ်( Safe Zone)အဆင့်ထဲရှိနေပြီး၊အဝါရောင်နယ်နိမိတ် သည် အစိမ်းရောင်နယ်နိမိတ် Safe Zoneထက်ကျော်လွန်လာလျှင်Riskများ ပိုတိုးလာနေသည်အဓိပ္ပာယ်ရပြီး အနီရောင် နယ်နိမိတ်(Red Zone)သည် အန္တရာယ်ဇုန်ထဲ အမြင့်ဆုံးကျရောက်သွားပြီဆိုသော သဘောသက်ရောက်သည်။ Biosphere Integrity၊ Climate Change၊ Land System Change၊ Freshwater Use၊ Biochemical Flows၊ Ocean acidification၊ Atmosphere aerosole loading၊ Stratospheric Ozone depletion နှင့် Novel entitiesဟုခေါ်သော ကဏ္ဍကြီး ကိုးခုကို အစိမ်း၊အဝါ၊အနီ နယ်နိမိတ်များ သတ်မှတ်သတိပေးထားသည်။
“Hence, the resilience of multifunctional ecosystems across space and time, and in both aquatic and terrestrial environments, depends on the contributin of many species and their distribution, redundancy and richness at multi topic levels performing critical functions in ecosystems and biosphere dynamics”[Mori et al 2013, Nash et al 2016, Soliveroes et al 2016, Frei et al2020]
Ref: Our Future in the Anthoropocen biosphere -Carl Folke and Scientists 2021 Article
Photo crd: Internet
စာဖတ်သူများအနေဖြင့် အတွေးအမြင်တစ်ခုခုရသွားလျှင် ရေးရကျိုးနပ်ပါတယ်။
8th Sep 2021
Mrat Twan
Permaculture Institute Myanmar – PIM